International News

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ Tourism Councilof Thailand (TCT) က ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်း အဆိုးဆုံးအတွက်ပြင်ဆင်ခြင်း

Last Updated:

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ Tourism Councilof Thailand (TCT) က ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ၎င်း၏နယ်စပ်များကို ခရီးသွား များအတွက် ဖွင့်လှစ်သေးမှာမဟုတ်သည့်အတွက်ကြောင့် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ထိုင်းခရီးသွားကောင်စီ  ကပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် ကိုယ့်ကိုကိုယ်မညာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်အတွက် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ ဈေးကွက်ကိုဖမ်းဆုပ်နိုင်သော အခွင့်အလမ်းမရှိကြောင်းနှင့် အလားတူပင်နောက်နှစ်အတွက်လည်း သံသယရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ယခုနှစ်အတွက် နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှုမှာ(၇)သန်း အောက်ကျသွားနိုင်ကြောင်း၊ အချို့သော အုပ်စုများကိုသာ ဝင်ရောက် ခွင့်ပြုထားခြင်း ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဇန်နဝါရီလမှ မတ်လအထိ အပြည်ပြည်ဆိုင်ရာခရီးသွား (၆.၇) သန်း သာဝင်ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံလေကြောင်းပျံသန်း မှုအာဏာပိုင်အဖွဲ့က အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအား ပိတ်ပင်ထားသည့်အချိန်မှစ၍ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဧပြီလမှ ဇူလိုင်လအထိ အပြည်ပြည်ဆိုင်ရာမှ ခရီးသွားများဝင်ရောက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။ အသစ် ခန့်အပ်လိုက်သော အလုပ်သမားဝန်ကြီး Suchat Chomklin က လူမှုဖူလုံရေးရန်ပုံငွေ Social Security Fund (SSF) အား ရပ်ဆိုင်းထားရန် ရက်ပေါင်း (၉၀)ထက်ကျော်လွန်၍ တိုးမြှင့် ပေးရန် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အဆိုပြုချက်ကို ပယ်ချခဲ့ပါသည်။ Mr. Chairat က ခရီးသွားကဏ္ဍ အနေဖြင့် ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးအသစ်က ကဏ္ဍအားလုံးတွင် အလုပ်ပြုတ်သွားသော အလုပ်သမား (၂-၃) သန်းသာရှိမည်ဖြစ်ကြောင်း၊ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း က ခန့်မှန်းသကဲ့သို့ (၆-၇) သန်းမရှိကြောင်း၊ ၎င်းတို့အနေဖြင့် သီးခြားအလွတ်တန်းအဖြစ် လုပ်ကိုင်နေသူများကို ထည့်တွက်ရန်မေ့သွားခြင်း ဖြစ်နိုင်ကြောင်း Mr.Chairat ကပြောကြားခဲ့ပါသည်။ မိမိတို့တွင် ခရီးသွားကဏ္ဍ၌ လုပ်ကိုင်နေသူပေါင်း (၁၀၀,၀၀၀)ကျော်ရှိကြောင်း၊ ၎င်းမှာ ဘတ်စ်ကားမောင်းသူများနှင့် ခရီးသွားလမ်းညွှန်များပါ အပါ အဝင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

TCT ၏ ခန့်မှန်းချက်အရ အလုပ်သမားအများစုသည် SSF ထံမှဗိုင်းရပ်စ်ကြောင့် ခံစားရသောအကျိုးသက်ရောက်မှုကို သက်သာစေမည့် လျော်ကြေးငွေမရသောကြောင့် အလုပ်ပြုတ်မှုနှုန်းများဆက်လက်မြင့်တက်နေမှာဖြစ်ကြောင်းနှင့် ဒေသတွင်း ခရီးသွားရေးဝယ်လိုအားမှာ မြင့်တက်နေသော်လည်း ၎င်းတို့အနေဖြင့် အန္တရာယ်များဖြင့် ပြန်လည်ဖွင့်လှစ်မှာကို မလိုလားကြကြောင်း သိရှိရပါသည်။

Mr.Chairat က အစိုးရအဖွဲ့မှ ကြာသပတေးနေ့တွင် အတည်ပြုဖွဲ့စည်းပေးလိုက်သည့် အဖွဲ့သစ်တစ်ခုဖြစ်သည့် စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေး ဗဟိုစင်တာအနေဖြင့်  အစိုးရ၏ အကြွေးအာမခံသူအဖြစ် ဆောင်ရွက်ရင်း ချေးငွေရရှိရေးအပါအဝင် ထိခိုက်နေသော ခရီးသွားကဏ္ဍများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဉီးစားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက Covid-19 အခြေအနေစီမံခန့်ခွဲရေး ဗဟိုစင်တာသည် ဆေးဘက်ဆိုင်ရာကိုယ်စားလှယ်များဖြင်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံ၏ အဝင်အထွက်ပိတ်ရန် နယ်စပ်များပိတ်ပင်ရေး ကိုသာရွေးချယ်ဆောင်ရွက်လေ့ရှိကြခြင်းကြောင့် စီးပွားရေးအခြေအနေဗဟိုစင်တာအသစ်အနေဖြင့် စီးပွားရေးပြန်လည်နာလန်ထူလာမှုကို ဉီးစားပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

TCT အမှုဆောင်အရာရှိများအနေဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ချင်းမိုင်၊ ဉဒုံဌာနီ၊ ဟွာဟင်း၊ ဖူးခက်၊ ရယောင်းနှင့် ဗန်ကောက်မြို့ များရှိ ခရီးသွားအဖွဲ့ဝင်များထံသို့ သွားရောက်ရန်စီစဉ်ထားပါသည်။ ကောင်စီအနေဖြင့် လက်ရှိပြဿနာအခြေအနေများကို နားထောင်ရန်နှင့် အခြေအနေများကို စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေးဗဟိုစင်တာ၏ အစိတ်အပိုင်းဖြစ်သော ဝန်ကြီးဌာနသို့ ပြဿနာများကို ဆက်လက်တင် ပြသွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News